Bg Tw23

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Bg Tw23 as PDF for free.

More details

  • Words: 428
  • Pages: 7
လှေစီးပြေးတွေ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထား ပြနိုင်ရင် ပြန်လက်ခံမည်

27 February 2009

ဒေသတွင်းနိုင်ငံတွေမှာ မကြာသေးခင်က အတော်လေး ပြဿနာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာအရေးကိစ္စမှာ စစ်အစိုးရကနေ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ တချိန်လုံးပြောဆိုခဲ့ပေမဲ့ အခုတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ဆိုတာ ရှိတဲ့အကြောင်း၊ တကယ်လို့သာ ဒီ ရိုဟင်ဂျာတွေအနေနဲ့ မြန်မာနိုင်ငံမှာ နေခဲ့ပါတယ်ဆိုတဲ့ အထောက်အထား တခုခု ပြသနိုင်ခဲ့ရင် သူတို့ကို အစိုးရက ပြန်လက်ခံမယ်ဆိုပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ ထိပ်သီးညီလာခံမှာ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို အာဆီယံထိပ်သီးညီလာခံ ကျင်းပနေတဲ့ ထိုင်းနိုင်ငံ ဟွာဟင်းအပန်းဖြေစခန်းမှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်း က တင်ပြပေးထား ပါတယ်။

ဒေသတွင်းရိုက်ခတ်နေတဲ့ ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေရဲ့အရေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒီနေ့ အစည်းအဝေးမှာ အလေးအနက်ထား ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ရှင် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) က အခုလိုပြောဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရွမ်း။ဇန်န၀ါရီ ၂၉၊ ၂၀၀၉။ “မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၀ ကျော်ထဲမှာ ရိုဟင်ဂျာ ဆိုတဲ့လူမျိုး မရှိကြောင်း၊ ဒါပေမဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ ဘင်္ဂါလီလူမျိုး တွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုကြောင်း မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး က ရှင်းလင်းပြောဆိုခဲ့တယ်” လို့ ပြောပြသွားပါတယ်။

ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်တွေထဲက မြန်မာနိုင်ငံမှာ နေခဲ့ကြတယ်ဆိုတာကို သက်သေပြနိုင်ရင် မြန်မာနိုင်ငံကို ပြန်ခွင့်ပြုမှာဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ ဘင်္ဂါလီလူမျိုးတွေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတဲ့ စာရင်းကို စစ်တမ်းကောက်ယူဖို့ အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို တာဝန်ပေးအပ်လိုက်တယ် လို့လည်း ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အာဆီယံလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတဲ့ အကြောင်းကိုလည်း ၀န်ကြီး ကဆစ်ပီရွမ်း က အခုလို ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ရည်ညွှန်းချက်တွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုအပြီးသတ်နိုင်ဖို့အတွက် ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။ တဆင့်ပြီးတဆင့် လုပ်ကြရတဲ့လုပ်ငန်းစဉ်ဖြစ်လို့ သံအမတ်ကြီး ဆီဟာဆတ်ရဲ့ ဦးဆောင်မှုနဲ့ နောက်ထပ် လေးလလောက် အချိန်ယူပြီးတော့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းသွားပါမယ်။ နောက်ထပ် သီးခြား ဆွေးနွေးပွဲတွေလည်း ဆက်လုပ်သွားဖို့ရှိပါတယ်။ နောက်တကြိမ်ကျင်းပမယ့် ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှာ ကျင်းပဖို့ သဘောတူခဲ့ပါတယ်” လို့ ပြောပြသွားပါတယ်။

လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းပြီးရင်တောင်မှပဲ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးပြဿနာကို ဘယ်လိုဆက်ပြီး ကိုင်တွယ် သွားကြမလဲ ဆိုတာကို အလေးအနက်ထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောပြသွားပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာစစ်အစိုးရ ပူးပေါင်းဆောင်ရွက်နေတဲ့ နာဂစ်မုန်တိုင်းသင့်ဒေသ ကယ်ဆယ်ရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို ဇူလိုင်လအထိပဲ ဆောင်ရွက်ဖို့သဘောတူထားရာက နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ဒီနေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူလိုက်ကြပါတယ်။ တနှစ်ပဲ သက်တမ်းတိုးရတဲ့ အကြောင်းရင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးရင် မြန်မာအစိုးရအသစ် တက်လာမှာမို့လက်ရှိစစ်အစိုးရနဲ့ တနှစ်စီမံကိန်းအနေနဲ့ပဲ ချမှတ်ရတဲ့ သဘော ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှင်းပြပါတယ်။

အာဆီယံ ထိပ်သီးညီလာခံကြီး မကျင်းပခင်တုန်းက ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေရဲ့အရေးကို အစီအစဉ်တွေထဲမှာ တရားဝင် ထည့်သွင်းမထားခဲ့ဘဲ အလွတ်သဘောပြင်ပမှာပဲ ဆွေးနွေးကြမယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်း အစည်းအဝေး ကျင်းပတဲ့အခါ တရားဝင် ဆွေးနွေးနိုင်ခဲ့ကြတာဟာ တိုးတက်မှုတခုအဖြစ် အကဲခတ်သူတွေက ရှုမြင်နေကြပါ တယ်။

“ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်ကြီးပြော Friday, 27 February 2009 19:29 ဝေမိုး ရိုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီလူမျိုးများသာ ဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း မြန်မာ စစ် အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ငြင်းဆိုသည် ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Promya က ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် သတင်းထောက်များကို ပြောကြားသည်။

အာဆီယံ ညီလာခံတွင် တွေ့ရသော မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း (ဓာတ်ပုံ - အေပီ)

သို့ရာတွင် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ၏ တိုးချဲ့ အစီအစဉ်အရ ရိုဟင်ဂျာများကို မြန်မာတိုင်းရင်းသားထဲတွင် ပါဝင်သည်ဟု သတ်မှတ်ကြောင်း သဘောတူခဲ့ပြီးဖြစ်သည်။

ယမန်နေ့က စတင်ကျင်းပသည့် အာဆီယံ ညစာစားပွဲတက်ခဲ့သော သံတမန်များ၏ အဆိုအရ ဦးဥာဏ်ဝင်းသည် ရိုဟင်ဂျာများကို ဘင်္ဂါလီလူမျိုးဟုသာ ခေါ်ဝေါ်သင့်သည်ဟု ၎င်း မှတ်သားခဲ့ဖူးသည့် သမိုင်း အထောက်အထား များကို ကိုးကား ပြောဆိုခဲ့ကြောင်း သိရသည်။

သို့ရာတွင် ၎င်းညစာစားပွဲသို့ တက်ရောက်လာသော နိုင်ငံခြားရေး ဝန်ကြီးအားလုံးက ရိုဟင်ဂျာအရေးကို အာဆီယံ ဒေသတွင်း ပြဿနာအဖြစ် အရေးယူဆောင်ရွက်သင့်သည်ဟု ပြောကြားကြကြောင်း အမည်မဖော် လိုသူ သံတမန်တဦးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Promya က အရှေ့တောင်အာရှနိုင်ငံများထဲမှ အစ္စလမ် ဘာသာဝင်နိုင်ငံများ ဖြစ်ကြသော မလေးရှားနှင့် အင်ဒိုနီးရှား တို့က ရိုဟင်ဂျာများကို ထွက်ခွာလာသည့် မြန်မာနိုင်ငံသို့ ပြန်မလွှတ်သည့် ကိစ္စနှင့် ပတ်သက်၍မူ ပြောကြားခြင်း မရှိပေ။

မြန်မာစစ်အစိုးရက ရိုဟင်ဂျာများကို ဘင်္ဂါလီဟု သမုတ်လိုက်သည့်အတွက် ရိုဟင်ဂျာပြဿနာကို အမှန်တကယ် ရင်ဆိုင်နေရသည့် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံအတွက် ဖြေရှင်းရန် ပိုမိုခက်ခဲ သွားနိုင်သည်။

ဆက်လက်၍ Kasit က ရိုဟင်ဂျာ အရေးကိစ္စကို လာမည့် ဧပြီ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပမည့် ဘာလီ အစည်းအဝေး (Barli Process) တွင် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ဘာလီအစည်းအဝေးတွင် အာရှ ပစိဖိတ်ဒေသတွင်း ဖြစ်ပေါ်လျှက်ရှိသည့် လူမှောင်ခို ကိစ္စ

အပါအဝင် မှုခင်း ကိစ္စရပ်များကို ဖြေရှင်းသွားမည်ဖြစ်သည်။

အာဆီယံထိပ်သီးညီလာခံတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်အစိုးရ၏ သုံးနှုန်းပြောဆိုသည့်အတိုင်း ရိုဟင်ဂျာများကို ဘင်္ဂါလီဟု သုံးနှုန်းပြောဆိုနေသည့်အတွက် တက်ရောက်လာသော သတင်းသမားများက တအံ့တသြ ဖြစ်ကြရသည်။

မြန်မာစစ်အစိုးရအနေနှင့် ရိုဟင်ဂျာ အရေးကိစ္စ အပြင် TCG ၏ တိုးချဲ့ အစီအစဉ်အရ နာဂစ် ဆိုင်ကလုံး ဒေသနှင့် ပတ်သက်သည့် အရေးကိစ္စများကို သဘောတူညီပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးထံမှ သိရသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်အစိုးရသည် နာဂစ် ဆိုင်ကလုန်းဒေသနှင့် ပတ်သက်သည့် TCG စီမံကိန်းကို တနှစ်သက်တမ်းတိုးရန် လက်ခံသဘောတူပြီး ဖြစ်သည်ဟု ပြောကြားသည်။

(ဧရာဝတီ သတင်းထောက် ဝေမိုးက အာဆီယံ ဆွေးနွေးပွဲပြုလုပ်နေသည့် ချာ့အမ်းမြို့မှ ပေးပို့ပါသည်)

Related Documents

Bg Tw23
December 2019 8
Bg
October 2019 44
Bg
April 2020 42
Tw23 Ind
May 2020 7
Swine Tw23
April 2020 4
Tue Tw23
May 2020 9