19042009 News

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 19042009 News as PDF for free.

More details

  • Words: 3,485
  • Pages: 16
www.yeyintnge.com

TROPICAL CYCLONE WARNING; Low Pressure Area O2B (No Name) 13/0600LT Positting;14.7N.96.4E Max Win;25Knots Pressure;1002hPa Speed and Direction; SE2kn raeUujzpfay:aeaomavzdtm;enf;&yf0ef;(O2B)onfae&majymif;vnf;rSKododomomr&Sd yJweoF&Dwkdif;?xm;0,fc&kdif?uHabmufa'o?tkefyifuGif ;aus;&Gmtaemufbuf,Gef,Gef;rkdfif (92)tuGmwGiftvGefaeS;auG;pGma&GUvsm;aevSsufqufvufj zpfay:aeygonf/,if;avzdtm; enf;&yf0ef;onfta&SajrmufbufrSta&SUbufokdU(2)knts ekH;eSifUa&GUvsm;aeygonf/ j*dkvfwkrSay;ykdUaomykHt& jrefrmekdifiHurf;&kd;wef;a'orsm;jzpfMuaomweoFm&Dwk dif;?rGefjynfe,f?&efukefwkdif;?{&m0wD wkdif;?&ckdifjynfe,f?yJcl;wkdif;?u&ifjynfe,frsm;w Gifae&mpdyfpdyfrkd;MuD;ekdifygonf./ jrefrmekdifiHurf;&kd;wef;wavSsmufeSifUurf;vGefyifv ,fjyifwkdUwGifvSKdif;MuD;edkifygonf?rkd;ouf avjyif;usa&mufpOfa&jyifajrjyifavonfwem&dDvQif(35)r kdifrS(45)rkdiftcefUxdwkdufckduf ekdifygonf/ weoFm&Durf;&kd;wef;wGifwcgw&H tcsdeftcgr[kwfrkd;MudK;rkefwkdif;rsm;usa&mufekdifygonf xkdaMumifUyifv,fa&vkyfom;rsm;taejzifUowd&Sd&Sdjzif Uvkyfief;aqmifwmrsm;yifv,fxJwGif aqmif&Guf&mwGiftxl;owdjyK&efvkdtyfayonf/

TROPICAL CYCLONE WARNING; Low Pressure Area O2B (No Name) 12/1800LT Positting;14.9N.96.0E Max Win;20Knots Pressure;1005hPa Speed and Direction; ESE2kn jrefrmekdifiHatmufykdif;xm;0,fjrKdUtaemufbufwnfUwn fUrkdif(100)eD;yg;avmufwGifavzdtm; enf;&yf0ef;wcknaeykdif;wkdif;xGmcsufrsm;t&jzpfay:a eaMumifod&ohnf,if;avzdtm;enf; &yf0efonfreufzefnaeykdif;avmufwGifqkdifuvkef;rk efw kdif;tjzpfokdUajymifvJbG,f&m&SdaejyD; qufvuftm;aumif;vmumtaemufajrmufbufokdUa&GU&Sm;ekdi fbG,f&m&Sdonf/ uRefawmfajymcsifao;onfrSm tckjzpfay:aeaomavzdtm;enf;&yf0ef;onf te´d,ork'´&mwae&mwGifqufvufjzpfay:aejyD;tm;aumif; vmumrkefwkdifi,fwcktjzpf okdUa&muf&Sdekdifovkdododomomtm;raumif;vmyJavzdtm; enf;&yf0ef;wcktjzpfeSifUvnf; yifv,fxJwGifysufjy,foGm;ekdifonf/xdkaMumifUtcsdefeSifrjywfapmifUMunfUae&OD;rnfjzpf onf/ uRefawmfwkdUonfrkefwkdif;jzpf&eftajctae&Sdonfukdt& rf;uma&mraMumufMu&efvnf; owday;csifygonf/{&m0wDwkdif;?&efukefwkdif;wkdUwGif&Sdaomavab;'ku©o nfrsm;onf rkefwkdif;qkdaomtoHukdMum;csifrnfr[kwfawmUyg..okdUaomfjzpfay:vmaomtajctaeukd um;a&SmifvGJr&ekdifyg?uRefawmfvnf;vlawGukd'ku©ra&m ufapcsifawmUyg.tckykdUukdwifoifU rwifoifUonfukdyifuRefawmt&rf;pOf;pm;ae&ayonf/rnfokdUyifjzpfapumrl &moDOwk tajctaeukdvlom;wkdif;od&SdoifUonfUtcGifta&;um;vlwk dif;wGif&SdaeojzifU ta&;MuD&m oDOwkowif;rsm;ukd uRefawmfqufvufwifay;oGm;rnfjzpfygonf/ jrefrmusKypfnDtukdrefbm0iftaygif;wkdUeSifUjrefrmus Kypfukdvma&mufavUvmMuaom {nfUonfawmftaygif;wkdUab;b,mrSa0;uGmMujyDvQifukd,f pdwfeSpfyg;&Gifvef;Muygap [kqkawmif;arwåmykdUovkduf&ygonfcifAsm;/ heronaing Chief Meteorologist Myanmar Cupid

rkefwkdif;tpysdK;aeonfukdnaeykdif;j*dKvfxkrSay;ykd UaomykH

ဘီဂျလီ မုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကိုဝင်တိုက် ၃ ဦး သေဆုံး AFP သတင်းဌာန ဧပြီ ၁၈၊ ၂၀၀၉

(AFP သတင်းဌာနက မြန်မာစံတော်ချိန် နေ့ ၁ နာရီတငွ် ထုတ်ပြန်သော သတင်းဖြစ်သည်)

၁ နာရီ ၅၆ မိုင် (ကီလိုမီတာ ၉၀) နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက် ကမ်းရိုးတန်း ဒေသကို တိုက်ခိုက်ခရ့ဲာ အိမ်များ ပျက်စီးပြီး သစ်ပင်များ အမြစ်မှ ကျွတ်ထွက်သွားကြောင်း အစိုးရအရာရှိများက ယနေ့ ပြောကြားလိုက်သည်။ ကော့ဆက်ဘဇား ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲက ဘီဂျလီ ဆိုင်ကလုန်း မုန်တိုင်းသည် ယမန်နေ့ညက ဘင်္ဂလားဒေ့ရှ်ကို မတိုက်ခိုက်မီမှာပင် အားပျော့သွားသည်ဟု ဆိုသည်။

“ဆိုင်ကလုန်းက သိပ်ပြီး မပြင်းထန်ဘူး။ ကြိုတင်ကာကွယ်တာတွေ လုပ်ခဲ့တယ်။ မြေနိမ့်ပိုင်းမှာ နေတ့သဲူတွေ အားလုံး ခိုလှုံရေးစခန်းတွေဆီ သွားကြတယ်” ဟု ရဲတပ်ဖွဲ့ အကြီးက ပြောသည်။ ယနေ့ (စနေနေ့) မနက်ပိုင်းတွင် ၎င်းတို့ကို နေအိမ်သို့ ပြန်ခငွ့် ပြုခ့သဲ ည်ဟု ဆိုသည်။

“မုန်တိုင်း အတွင်း တဲအိမ်တွေ တော်တော်များများ ပျက်သွားတယ်။ အပင်တချို့ အမြစ်က ကျွတ်ထွက်ကုန်တယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူ ၃ ဦး ရှိခသ့ဲ ည်။ ဆေးကုသမှု ခံယူနေခ့ေဲ သာ အသက် ၅၀ အရွယ် အမျိုးသားတဦး၊ ၁ လသား အရွယ် ကလေးငယ်တဦးတို့သည် ခိုလှုံရေးစခန်းသို့ ပို့ဆောင်စဉ် သေဆုံးသွားကြသည်။ တဲအိမ်ပေါ်သို့ သစ်ပင် လဲကျသဖြင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တဦးလည်း သေဆုံးခ့သဲ ည်။

စစ်တကောင်းခရိုင် အုပ်ချုပ်ရေးမှူး Farid Uddin Ahmed က ၁၈၆ မိုင် ရှည်လျားသည့် ကမ်းရိုးတန်းဒေသ ကယ်ဆယ်ကူညီမှု လုပ်ငန်းများကို ကြီးကြပ်နေကြောင်း၊ ကယ်ဆယ်ရေး လုပ်သားများက အစွန်အဖျား ဒေသများသို့ သွားရောက်ရန် ကြိုးပမ်းနေသည်ဟု ပြောပြသည်။ “အပျက်အစီး နောက်ဆုံး အခြေအနေ အစီရင်ခံတာတွေကို စောင့်နေတုန်းပဲ။ အိမ်တွေ ပျက်စီးတယ် ဆိုပေမယ့် ပျက်စီးမှုက သိပ်ပြီး ကြီးကြီးမားမား ပျက်စီးတာ မဟုတ်ဘူး။ လှိုင်းတွေလည်း သိပ်မကြီးဘူး” ဟု ပြောသည်။

အိမ်နီးချင်း မြန်မာနိုင်ငံတငွ် အာဏာပိုင်တို့က နိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်း ဒေသရှိ ဒေသခံတို့ကို ဘီဂျလီ မုန်တိုင်း ဖြတ်သန်းပြီးစီးသွားသည့် အချိန်အထိ ပင်လယ်သို့ မသွားရန် တိုက်တွန်းထားသည်။

ထောင်ပိုင်က ဘူးသီးတောင် ထောင်တငွ်းရှိ အကျဉ်းသားများကို မုန်တိုင်းကျ ချိန် အဆောင်နှင့်တိုက် ပြင်ပသို့ ထွက်ခငွ့်မပေး April 18, 2009 · ၁၈ ဧပြီ ရန်ကုန်၊

၊တင်ကျော်ကျော်စိုး

နိုင်ငံရေး အကျဉ်းသားတွေ ကို မောက်မာ ရိုင်းပျစွာဆက် ဆံလေ့ရှိ သည့်ရခိုင်ပြည်နယ်ဘူးသီး တောင် ထောင်ပိုင် က သောကြာနေ့ မှစပြီး မုန်တိုင်းသတင်းကြောင့် တစ်ထောင် လုံးကို လုံခြုံရေးတင်းကျပ်ထားသည် ဟု သိရသည်။ထောင်ပိုင် က မုန်တိုင်းကျချိန် ငြိမ်သက်မှုမရှိလျှင် အစောင့်များအား ပစ်မိန့် ပေးထားသည် ဟု သိရသည်။ နိုင်ငံရေးအကျဉ်းသားများ အပြင် အခြားအကျဉ်းသားများ အား ၎င်းတို့ နေ ထိုင်ရာ အဆောင်နှင့် တိုက်များမှ လုံးဝထွက်ခငွ့် မပေးဟု သိရှိရသည်။မောင်တော မြို့ နယ် မှ ထောင်ဝင်စာ သွားတွေ့ သူ တစ်ဦးက “အဒေါ်သား နဲ့ လုံးဝ ထောင် ၀င်စာတွေ့ ခငွ့် မပေးဘူး ထောင်ပိုင်အမိန့် လို့ ပြောတယ်” ဟု Freedom News Group သို့ ပြောသည်။ ဘူးသီးတောင် ထောင်မှာ ထောင်ကျ အကျဉ်းသားများကို အဓမ္မလုပ်အားပေးစေခိငုးရာတွင် နာမည် ကြီးသော ထောင်ဖြစ်သည်။နိုင်ငံရေး အကျဉ်းသားများကို လည်း စကားပြောခွင့် မပေး ခြင်းတိုက် ပိတ်ထားခြင်းများပြုလုပ်သည်။

ဘူးသီးတောင် ထောင် တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကို ဌေးကြွယ်နှင့် တောင်ကုတ်မြို့ မှ နိုင်ငံရေးလှုပ်ရှားသူ ကိုမိုးကျော် အပါအ၀င် နိုင်ငံရေး အကျဉ်းသား သုံးဆယ်နီးပါးရှိသည်။ မနှစ်က ဆိုင်ကလုန်းနာဂစ် မုန်တိုင်း တိုက် ခတ်ချိန် အစောင့် များက ချမ်း၍မီးလှုံနေသော အကျဉ်း သားများအား ပစ်ခတ်မှုကြောင့် အင်းစိန်ထောင် တွင် အကျဉ်းသား သုံးဆယ်ကျော် သေဆုံးခဲ့သည်။ မြန်မာပြည် ဘီဂျလီ ဆိုင်ကလုန်း ရန်မှ လွတ်ပြီ AP သတင်းဌာန ဧပြီ ၁၈၊ ၂၀၀၉ ဘီဂျလီ ဆိုင်ကလုန်းက အနောက်ဘက် ကမ်းရိုးတန်းမှ ယနေ့ လှည့်ပြန်သွားသဖြင့်

မြန်မာအာဏာပိုင်တို့က မုန်တိုင်း အရေးပေါ်

ကြေညာချက်များကို ရုပ်သိမ်းလိုက်သည်။ မုန်တိုင်းကြောင့် မြန်မာပြည် အနောက်ဘက် ကမ်းရိုးတန်းဒေသ တချို့တွင် မိုးအကြီးအကျယ် ရွာခ့သဲ ည်။ “မုန်တိုင်း သတိပေးတာတွေကို ရပ်လိုက်ပြီ။ မုန်တိုင်းဘေးကနေ လွတ်သွားပါပြီ” ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန အကြီးအကဲ ဦးထွန်းလွင်က ပြောသည်။ ယမန်နေ့က ထုတ်ပြန်ခေ့ဲ သာ အစိုးရ၏ ကြေညာချက်တငွ် အနောက်ဘက် ကမ်းရိုးတန်းဒေသမှ လှေသင်္ဘောများ လုံခြုံစိတ်ချသို့ခိုလှုံရန် ဖော်ပြထားသည်။ သို့သော်လည်း ယနေ့ထုတ်ပြန်ချက်များတွင် ဆိုင်ကလုန်းမုန်တိုင်းသည် အရှိန်လျော့ကျသွားသည့်အပြင် ကမ်းရိုးတန်းဒေသသို့ ၀င်ရောက်တော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းတွင်မူ ယနေ့နံနက်က ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခသ့ဲ ည်။ တိုက်ခတ်ပြီး မကြာမီမှာပင် မုန်တိုင်း အရှိန် လျော့ကျသွားသည်။ ငါးဖမ်းလှေများ ပင်လယ်သို့ ပြန်လည် သွားရောက်နိုင်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့က ကြေညာခ့သဲ ည်။ ဘင်္ဂလားဒေ့ရှ်၏ အဓိက ဆိပ်ကမ်းဖြစ်သော စစ်တကောင်းမြို့သင်္ဘောဆိပ်ကို မကြာမီ ပြန်ဖငွ့်ပေးတော့မည်ဟု အရာရှိတဦးက ဆိုသည်။ ဘီဂျလီမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် ၅ ဦး သေဆုံး 19 April 2009 သောကြာနေ့ညက ဘီဂျလီဆိုင်ကလုန်းမုန်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကို ၀င်ရောက်တိုက်ခတ်သွားရာမှာ လူ ၅ ဦး သေဆုံးပြီး လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိသွားခဲ့ပေမဲ့ အခုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေ့စဉ် လှုပ်ရှားသွားလာမှုတွေဟာ ပုံမှန်ပြန်ဖြစ်နေပြီလို့ ဆိုပါတယ်။ အဆိုးရွားဆုံး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်တကောင်းဆိပ်ကမ်းနဲ့ ကော့ဘဇား ဆိပ်ကမ်း တို့ ဖြစ်ပြီး တနာရီ ၅၆ မိုင်နှုန်းအထိ တိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖက်ရွက်နဲ့မိုးထားတဲ့အိမ် ရာပေါင်းများစွာ ပျက်စီးသွား ခဲ့ရတယ် ဆိုပေမယ့် ကြိုတင်သတိပေးချက်တွေ၊ ကယ်ဆယ်ရေး ကြိုးပမ်းချက်တွေကြောင့် အပျက်အစီးတွေဟာ အနည်း အကျဉ်းသာ ဖြစ်တယ်လို့ အာဏာပိုင်တွေက မနေ့က ပြောခဲ့ပါတယ်။ လူပေါင်း ၂ သိန်းကျော် ယာယီတေဲ တွထဲမှာ မှီခိုနေရ တယ် လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဏာပိုင်တွေက မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသတွေက ပြည်သူတွေကို မုန်တိုင်း ကြောင့် ပင်လယ်လှိုင်းတွေ ကြီးလာနိုင်တာမို့ သတိထားကြဖို့ ကြိုတင်သတိပေးခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်း အားပျော့သွား ပြီးတဲ့နောက် အခုလို သတိပေးချက်တွေကို ရုပ်သိမ်းလိုက်တာလို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။ ဆိုင်ကလုန်း ဘီဂျလီ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ၀င်မွှေ 18 April 2009 ဘီဂျလီ ဆိုင်ကလုန်းမုန်တိုင်းဟာ သောကြာနေ့ညတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကို တိုက်ခတ်သွားလို့ ကမ်းရိုးတန်း ဒေသမှာ နေထိုင်ကြသူ ထောင်ပေါင်းများစွာတို့ကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စစ်တကောင်း နဲ့ ကော့ဘဇာ ဆိပ်ကမ်းတွေကို တနာရီ ၅၆ မိုင်နဲ့ တိုက်ခတ်သွားတဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ အပျက်အစီး အသေ အပျောက် စာရင်းတော့ လောလောဆယ် မသိရသေးပါဘူး။

အဲဒီ ဘီဂျလီ မုန်တိုင်းဟာ စနေနေ့မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ခရစ်ပူရာ ပြည်နယ်ဘက်ဆီကို ရွေ့လျားသွားပြီး တစတစနဲ့ အားနည်းသွားပြီလို့ သက်ဆိုင်ရာက ကြေညာပါတယ်။ အိမ်နီးနားချင်း မြန်မာနိုင်ငံမှာလည်း အနောက်ပိုင်း ကမ်းရိုးတန်း နေထိုင်သူများ ကြိုတင်ပြင်ဆင်ကြဖို့ စနေနေ့မှာ ၆ ပေကနေ ၈ ပေအထိ လှိုင်းကြီးနိုင်ကြောင်း စသဖြင့် စောစောပိုင်းမှာ သတိပေးထားခဲ့ပါတယ်။ မြန်မာအနောက်ပိုင်း မုန်တိုင်းကြောင့် ရေကြီးနိုင် NASA သတိပေး 18 April 2009 ဘီဂျလီ လေပြင်းမုန်တိုင်းဟာ စနေနေ့ မနက်ပိုင်းစောစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နားက ဖြတ်ကျော် ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်ထဲကို ၀င်ရောက်နေပြီဖြစ်ပါတယ်။ ချင်းပြည်နယ်ကနေ ဒီမုန်တိုင်းဟာ တဖြည်းဖြည်း အားပျော့လာနိုင်ဖွယ်ရှိပြီး စစ်ကိုင်းတိုင်းကို ဖြတ်ပြီး တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံထဲကို ၀င်ရောက်ဖို့ ရှိတယ် လို့ ဆိုပါတယ်။ မုန်တိုင်းသွားရာ လမ်းကြောင်းတလျောက်မှာ ရေကြီးမယ့်အန္တရာယ်ကို သတိထားကြဖို့ အမေရိကန် အာကာသ လေ့လာရေး နာဆာအဖွဲ့ရဲ့ မုန်တိုင်းလေ့လာစောင့်ကြည့်နေသူက ပြောပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။ ဆိုင်ကလုန်း ဘီဂျလီ ဟာ စနေနေ့မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနားကနေ ဖြတ်ကျော်ပြီး အရှေ့မြောက် အရပ်ကို ဦးတည်ရွေ့လျား သွားနေရာကနေ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းကိုအ၀င်မှာ အရှိန်အနည်းငယ် လျော့ပါး သွားမယ်လို့ အင်တာနက် ကမ္ဘာ့ရာသီဥတု စောင့်ကြည့်လေ့လာရေးအဖွဲ့ Iccuweather က ပြောပါတယ်။ ဒီမုန်တိုင်း တိုက်ခတ်ရာ လမ်းကြောင်းတလျှောက်မှာ မိုးရေချိန် လက်မ ၁၀ လက်မအထက်မှာ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း နဲ့ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ပင်လယ်ပြင်မှာ လှိုင်းလုံးတွေဟာ အမြင့်ပေ ၃ ပေကနေ ၆ ပေအထိ စနေနေ့တွေမှာ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွက်ကျား လေဆင်နှာမောင်း တိုက်ခတ်မှု တွေလည်း ဖြစ်ပွားနိုင်ပါတယ်လို့ ပြောပါတယ်။ မြန်မာစံတော်ချိန် စနေနေ့မနက် ၃ နာရီအချိန်က ထုတ်ပြန်တဲ့ ဟာဝိုင်အီ ကျွန်းက Pearl Harbor မှာရှိတဲ့ အမေရိကန် ရေတပ် ပူးတွဲ မုန်တိုင်းသတိပေးရေး ဗဟိုဌာနရဲ့ မုန်တိုင်းသတိပေးချက်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုန်တငွ်းပိုင်းထဲ ၀င်ရောက် သွားတဲ့ မုန်တိုင်း ဘီဂျလီ ဟာ အတော်ကို အားပျော့သွားမယ်လို့ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ကနေ အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံထဲ ၀င်ရောက်ချိန်မှာ သတိပေးရမယ့် ပြင်းအားအဆင့် ၃၅ နော့ခ်ျ မှာ မရှိတော့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီသတိပေးချက်ဟာ နောက်ဆုံးသတိပေးချက်လို့လည်း ဖော်ပြထားပါတယ်။ အမေရိကန် အာကာသလေ့လာရေး နာဆာ ရဲ့ ဂေါဒက် (Goddard) မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ရောဘတ် ဂူထရို (Robert Gutro) ကတော့ မုန်တိုင်းရဲ့ပြင်းအား လျော့ပါးသွားပေမဲ့ မိုးရွာသွန်းမှု အခြေအနေဟာ ပြင်းထန်တာမို့ ရေကြီးမယ့်အန္တရာယ်ကို သတိထား သင့်တယ်လို့ ပြောပါတယ်။ “နာဆာ နဲ့ ဂျပန် အာကာသ အေဂျင်စီတို့ရဲ့ TRMM ဂြိုလ်တု တိုင်းတာရေးအရဆိုရင် အပူပိုင်းဆိုင်ကလုန်း ဘီဂျလီ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ နဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေမှာ မိုးကြီးစေနိုင်ပါတယ်။ အခုလောလောဆယ် တနာရီကို ၂ လက်မနှုန်းနဲ့ ရွာနေတဲ့အပြင် ပင်လယ်ပြင်မှာလည်း လှိုင်းကြီးတာမို့လို့ ကမ်းရိုးတန်း ဒေသမှာ နေသူတွေအတွက် ရေကြီးမယ့် အန္တရာယ်ကို သတိထားသင့်ပါတယ်။ တောင်တန်းဒေသတွေမှာတော့ မိုးကြီးလို့ မြေပြိုမယ့် အန္တရာယ် ရှိနေပြီး မုန်တိုင်းဖြတ်သန်းတဲ့အချိန်တွေမှာ ခရီးမသွားသင့်ပါဘူး။” နာဆာ အာကာသ သိပ္ပံယာဉ် အပူပိုင်းဒေသ မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ရောဘတ် ဂူထရို က ပြောသွားတာ ဖြစ်ပါတယ်။ ဘူးသီးတောင်၊စစ်တွေ ပလက်ဝ နှင့် ကျောက်တော် မြို့ များတွင် မုန်တိုင်းဝင် မြေပြိုမှုများနှင့် လျှပ်စစ် မီးနှင့်ဖုန်းလိုင်းပြတ်တောက် မှုများဖြစ်ပွား April 18, 2009 · ၁၈ ဧပြီ ရန်ကုန်၊

၊ဟိန်းခိုင်ထွန်း

ဆိုင်ကလုန်း ဘီဂျလီ ၏ အရှိန်ကြောင့် ထိခိုက်ပျက်စီးနိုင်မှုရှိသည့်ဒေသများ

ယမန်နေ့ ည အချိန်က စစ်တွေ နှင့် မောင်းတော မြို့ နယ်များတွင် ဘီဂျလီ မုန်တိုင်းစတင် ၀င်ရောက်ပြီးနောက် မိုးစတင်ရွာသွန်းခဲ့ရာ ဧပြီ လ၁၈ ရက် အာရုံတက်ချိန်ခန့် တငွ် လေပြင်းမုန်တိုင်း တိုက်ခတ် ပြီးစစ်တွေ မြို့ ရှိ အချို့ အိမ် များမှာ အမိုးလန်ထွက် မှုများပြိုကျမှုများ ဖြစ်ပွားခဲ့သည်။ ဘူးသီးတောင် တွင် မုန်တိုင်းအရှိန်ကြောင့် သစ်ပင်များ ပြိုကျမှု၊အမြစ်မှ ကျွတ်ထွက် မှုများရှိသည်ဟု သတင်းရရှိသည်။စစ်တွေ နှင့် မောင်းတောတွင် မူ လျှပ်စစ်မီး များပြတ်တောက် မှုနေရာအချို့ တင်ွရှိသည်။စစ်တွေ မြို့ သို့ မုန်တိုင်းဝင် ရောင် စဉ် လေတိုက်ခတ်မှု နှုန်းမှာ တစ်နာရီ လျှင် ၅၆ မိုင် (၉၀ ကီလိုမီတာ)ခန့် ရှိသည်ဟုသိရသည်။ ရခိုင်ပြည်နယ် ကျောက်တော် နှင့် ချင်းပြည်နယ် ပလက်ဝ မြို့ များတွင် မြေပြို မှုများရှိသည်။ရန်ကုန်မြို့ တငွ် မြန်မာ စံတော်ချန် ညနေ သုံးနာရီ အချိန်ခန့် က လေပြင်းတိုက် ခတ်၍ မိုး အနည်းငယ်ရွာသွန်း ခဲ့သည်။ ဘီဂျလီ မုန်တိုင်းဒဏ်ကြောင့် ဘင်္ဂလားဒေရှ် နိုင်ငံ ကော(စ်)ဘဇား မြို့ တငွ် ပျက်စီးဆုံးရှုံးမှုများနှင့် လူအသေ အပျောက်ရှိခဲ့သည်။ ၂၀၀၇ ခုနှစ် မြန်မာ နိုင်ငံ ရန်ကုန်မြို့ နှင့် ဧရာဝတီ တိုင်းတွင် တိုက်ခတ် ခဲ့သော ဆိုင်ကလုန်းနာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူတစ်သိန်းလေးသောင်းခြောက်ထောင် သေဆုံးခဲ့ကာ လူရှစ်သိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး အမေရိကန် ဒေါ်လာ ၁၀ ဘီလျှံ နီးပါးခန့် ဆုံးရှုံးခဲ့ သည်။ ၀ီကလီအီလဗဲ င်း ဂျာနယ် က ရန်ကုန်တိုင်းတရားသူကြီး ဦးမြသိန်းကို လာဘ်ငွေ သိန်း ၃၀ ပေး၍ လပ်ကီး အီလဗဲ င်းဝီစကီ ကို တားဝရမ်းထုတ် ခိုင်း April 19, 2009 · ၁၉ ဧပြီ ရန်ကုန်၊

၊ဟိန်းခိုင်ထွန်း

လပ်ကီး အီလဗဲ င်းဝီစကီ ဂျာနယ်များတွင် ကြော်ငြာစဉ်က ရန်ကုန် အခြေစိုက် ၀ီကလီ မီဒီယာ အုပ်စု က ၎င်းတို့ ၏ မီဒီယာ လိုဂို အမှတ်အသား နှင့်ဆင်တူရိုး မှားပြုလုပ် သည် ဟုစွပ်စွဲ ထားသည့် လပ်ကီး အီလဗဲ င်း ၀ီစကီ ကို တရားစွဆဲိုထားရာ ထိုအမှုကို ဗဟန်း မြို့ နယ်တရားရုံးက ဧပြီ လ၂၀ ရက်နေ့ သောကြာနေ့ တငွ် စတင် စစ်ဆေးတော့မည်ဖြစ် သည်။ စာနယ်ဇင်းလောက တွင် ငွေများတရားနိုင်လုပ် တတ်သည် ဟူသည့်နာမည်ဆိုးဖြင့် ကျော်ကြား သည့်ဒေါက်တာ သန်းထွတ်အောင် က လပ်ကီးအီလဗဲ င်း ၀ီစကီ ကို တရားမမှု အပြင် ပြစ်မှုကြောင်းဖြင့်ပါ နှစ်မျိုးဆွဆဲို ထားသည် ဟုသိရသည်။ ထိုသို့ တရားစွဆဲိုရန် အတွက် ရှေ့နေ တစ်ဖွဲ့ ကို သိန်းငါးဆယ်ဖြင့် နှစ်ဖွဲ့ ငှားရမ်းထားသည် ဟုစုံစမ်းသိရှိရသည်။ထိုသို့ တရားစွဆဲို စဉ် အငြိမ်းစားယူခါနီးသည့်  ရန်ကုန်တိုင်းတရားသူကြီး ဦးမြသိန်းကိုပါ လာဘ်ငွေသိန်း၃၀ ပေး၍ တားဝရမ်းထုတ်ခိုင်းထားသည်။ ၁၉၆၈ ခုနှစ်ဂျော်နီဝါးကား အမှုစီရင် ထုံးကိုပင် လာဘ်ငွေ သိန်း၃၀၀ ပေး၍ ဒေါက်တာ သန်းထွတ်အောင်က ဖျက်ခိုင်းသည်ဟု သတင်းများထွက်ပေါ်နေသည်။ ရန်ကုန် အခြေစိုက် ရှေေ့  နတစ်ဦးက မူ “ဦးမြသိန်းကို လာဘ်ငွေပေးပြီးတားဝရမ်းထုတ် ခိုင်းထားတယ် ဆိုတာ တကယ် လို့ အမှုမှာ သူရှုံးရင်တောင် တဖက် ကစီးပွားရေးအရ နစ်နာအောင်လို့ ပေါ့ ”ဟု သုံးသပ်သည်။ လပ်ကီးအီလင်းဗင်း ၀ီစကီ စာနယ်ဇင်း များတွင် ကြော်ငြာစဉ် ကလည်း ဒေါက်တာ သန်းထွတ် အောင် က စာပေစီစစ်ရေး သို့ လာဘ်ငွေ သိန်းနှစ်ဆယ် ထက်မနည်းပေး၍ ထိုဝီစကီ ကို စာနယ်ဇင်းများတွင် ကြော်ငြာခွင့် မပေးရန် တားမြစ်ခိုင်းသည်။

ဒေါက်တာ သန်းထွတ်အောင် မှာ ယခင်က နာဂစ် ကူညီ မှုကြောင့်ထောင်ဒဏ် ကျခံနေရသည့် စာနယ်ဇင်း ဆရာ ကို ဇော်သက်ထွေးနှင့် အချစ် ဂျာနယ်မှ အယ်ဒီတာ မြတ်ခိုင်တို့ အားလည်း တရားစွဲ ဆိုခဲ့ဖူးသည်။

ဦးတေဇ အိုင်တီ ပစ္စည်း စက်ရုံများ တည်ဆောက်ရန် ပြင်ဆင် မေကျော် စနေနေ့၊ ဧပြီလ 18 2009 22:52 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ ထူးဂရုပ်ကုမ္ပဏီ အကြီးအကဲ ဦးတေဇ၏ ကုမ္ပဏီ တခုဖြစ်သော Myanmar Avaia Services ကုမ္ပဏီသည် ရုရှားကုမ္ပဏီ

CBOSS ၊ တရုတ်ကုမ္ပဏီ Huawei Technology Co. တို့ မန္တလေးတိုင်း ပြင်ဦးလွင်တငွ် တည်ဆောက်နေသည့် ရတနာပုံ ဆိုက်ဘာစီးတီးတွင် IT ဆက်စပ်ပစ္စည်း စက်ရုံများ တည်ဆောက်ရန် ယခုလ ၈ ရက်နေ့က နေပြည်တော် ရွှေနန်းတော် ဟိုတယ်တငွ် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးလိုက်သည်။ တရုတ်နိုင်ငံ Huawei Technology Co. နှင့် Mobile Communication BTS ၊ Wi-max System Products ၊ IT Product များ ထုတ်လုပ်မည် ဖြစ်သည်။ ရုရှား ကုမ္ပဏီ CBOSS နှင့် Prepaid Card ၊ convergence Billins System တို့ကို ပူးပေါင်း ထုတ်လုပ်မည် ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့ထုတ် စစ်အစိုးရ၏ ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။ ဆက်သွယ်ရေး၊ စာတိုက်နငှ့် ကြေးနန်းဝန်ကြီးဌာန တရားဝင် ထုတ်ပြန်ချက် အရ ရတနာပုံ ဆိုက်ဘာစီးတီးတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း အုပ်စု ၁၁ ခုတငွ် ထူးထရေးဒင်းက Manmar Avia Services ကုမ္ပဏီအဖြစ် ယခု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသော လုပ်ငန်း စီမံကိန်း ၂ ခု ပါဝင်သည်။ ယင်းဝန်ကြီးဌာန တရားဝင်ထုတ်ပြန်ချက် အရ Alcatel Shanghaibell (ASB) ကုမ္ပဏီ နှင့် Htoo Trading တို့က လုပ်ငန်းဆောင်ရွက်မည့် မြေ ၄ ဧကပေါ်တွင် GSM BTS ဝန်ဆောင်မှု လုပ်ငန်း ကို ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ သန်း၊ လုပ်ငန်းလည်ပတ်ငွေ ကန်ဒေါ်လာ ၃ သန်း ဖြင့် လုပ်ငန်းစမည် ဆိုသည်။ ရုရှာ ကုမ္ပဏီ CBOSS နှင့် Htoo Trading ကုမ္ပဏီတို့က Incubation Centre တခု ကို လုပ်ငန်းဆောင်ရွက်ရန် သုံးမည်ဖြစ်ပြီး pepaid software များ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ သန်း ၊ လုပ်ငန်းလည်ပတ်ရန် ကန်ဒေါ်လာ ၅ သန်း ဖြင့် တည်ထောင်လုပ်ကိုင် မည် ဟုဆိုသည်။ ရတနာပုံ ဆိုက်ဘာ ကော်ပိုရေးရှင်းတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ၈ ခုတငွ် (၁) Outsourcing ၊ In-sourcing ၊သုတေသန နှင့် ဖွံဖြိုးရေး လုပ်ငန်း၊ ( ၂ ) WiFi ,WiMax နှင့်လူထု ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း၊(၃) GSM နှင့် မိုဘိုင်းလ် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှု၊(၄) power cable ၊ fibre cable နှင့် communication cable များ ထုတ်လုပ်မှု၊ ( ၅ ) auto exchange နှင့် digital metre ပံ့ပိုး ပစ္စည်းများ ၊ ( ၆ ) တန်ဖိုးနည်း တကိုယ်ရေသုံး ကွန်ပျူတာများ ထုတ်လုပ်မှု၊ ( ၆ ) ICT သင်တန်းကျောင်း၊ ( ၇ ) GSM BTS ဝန်ဆောင်မှု၊ (၈ ) pepaid software များ ထုတ်လုပ်မှု တို့တငွ် ထူးထရေးဒင်း တဖြစ်လဲ Myanmar Avia Services ကုမ္ပဏီက လုပ်ငန်း ၂ ခုကို လုပ်ကိုင်မည် ဖြစ်သည်။ သို့သော် “ HGC ( Htoo Group of Company) ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဘယ်စီးပွားရေး လုပ်ငန်းကိုမှ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာ မရှိပါဘူး။ HCG ရဲ့ စီးပွားရေး မှန်သမျှဟာ တန်းတူယှဉ်ပြိုင်ပြီးတော့မှ လုပ်ကိုင်ခငွ့် ရထားတဲ့ လုပ်ငန်းတွေဘဲ ဖြစ်ပါတယ်။ ကွာခြားချက်ကတော့ လုပ်ငန်း Trade Volume ပဲ ကွာပါတယ်။ ကျွန်တော်တို့ HGC ဟာ ကမ္ဘာမှာ အကောင်းဆုံး လုပ်ငန်းတွေ ဖြစ်တဲ့ ဆက်သွယ်ရေးလုပ်ငန်း ( Telecommunication ) ၊ ရုပ်သံလွှင့် လုပ်ငန်း ( Broadcasting )၊ လောင်စာဆီ ဖြန့်ဖြူးရောင်းချခြင်း ( Fuel Oil ) ဆိုတဲ့လုပ်ငန်းတွေကို Monopoly ရထားတာမျိုး လုပ်ကိုင်နေတာမျိုးလည်း မရှိပါဘူး ” ဟု ထူးကုမ္ပဏီ ဥက္ကဌ ဦးတေဇက အဲပုဂံ ၃ နှစ်ပြည့် အခမ်းအနားမှာ ပြောကြားခဲ့သည်။ ရတနာပုံ ဆိုက်ဘာ စီးတီးတွင် ရင်းနှီးမြှုပ်နှံမည့် အခြားကုမ္ပဏီများမှာ Fortune International Company၊ Myanmar Teleport Company၊ တရုတ် ကုမ္ပဏီ ZTE ၊ Value Standard Wire and Cable Company၊ Myanmar World Distribution ကုမ္ပဏီ၊ General Myanmar Group of Companie၊ Fisca ကုမ္ပဏီ၊ မလေးရှား IP Tel ကုမ္ပဏီနှင့် ရတနာစိန် ကုမ္ပဏီ၊ Myanmar Info-Tech Company ၊ Myanmar Computer Company (MCC) group တို့ ဖြစ်သည်။ ရတနာပုံ ဆိုက်ဘာ စီးတီး စီမံကိန်းသည် ဧက ၁၀၀၀၀ ကျယ်ဝန်းပြီး လူနေအိမ် ၅၀၀၀၀ ၊ ရေဂါလံ ၂ သိန်းဆန့် ရေလှောင်ကန် နှင့် ၅ဝ ကီလိုဗို့ ရှိ လျပ်စစ်လိုင်း တို့ ပါဝင်ပြီး ကို ၂ဝဝ၆ ခုနှစ် ဇွန်လ မှာစတင်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ က ရတနာပုံ ဆိုက်ဘာ စီးတီး ကို ဖွင့်လှစ်ခဲ့ပြီး ယခု အချိန်တငွ် မြေဧရိယာ ၂၂၀၀ ပေါ်တွင် မြန်မာတယ်လီပို့နှင့် Incubation Center ၇ လုံးတည်ဆောက်ပြီး ကုမ္ပဏီ ၁၈ ခုမှ ITဆက်စပ် ပစ္စည်းများ ထုတ်လုပ်ရန် စက်ရုံများ တည်ဆောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့ အလင်းသတင်းစာက ဆိုသည်။ NLD အဖွဲ့ဝင်များနှင့် ရင်းနှီးသူ ကိုသီဟထွန်း ဖမ်းဆီးခံရ ဖနိဒါ စနေနေ့၊ ဧပြီလ 18 2009 22:45 - မြန်မာစံတော်ချိန်

် ( )    ် ႔် ်     ်!႔်  ်!႔"်#်$ #်% &' #််  ()် * ် !$+$ ,- , ႔ . /0 1 ်1်!$2+ ++$ ် , $ 1+   ် ,  " 3 +် ်,+  ()် ် ႔ -- 356    .်2 /0 ႔  ် 2 1 ်1်!$် ် + %7   ် ် 3  ' (+) ် $ 1+(  ,  ,  ႔် +်# , 1 + “(်  ,  9: ' 2 ်  ;် )်  ;%  ်;! 356    2်် 2 ႔  ' +!႔2 ႔ #  <2 ႔ ;!” ( %7  " 3    ်+   %  ()်် ်    ်!႔်  ်!႔"်#်$  % 3 ် 2+ #  2<်<််< 2 ်1် % ် ် ( ် ႔ ်     ်!႔််  ်!႔" 2%3 ်+ >1 ?% @+; %ႛ  B+1 ?@C$ 2009-04-18 @B+>,)! 2%J2, 21!$ % , 2 @, @+; %ႛ  B+1 ?@C$> B>K> @2%, >1: L   ? %  @+; %ႛ  B+@  ,?2 L 1 ?1) 2   2%!$2 ႛ  L

(Photo: RFA) >1?%  % )B>$ %  (Photo: RFA) 2? ,  

2009-04-18  U2႓ W ႛ  X?,  >> !$ 2 ,( ,!ႛ ??  3 @ >! , "႓  , 2 ႛ > L ႓!$!$ .႓2 /' ႛ ႛ2+ /& 2> ,  ? W 31  % 2!ႛ ,>  , $)!$ )+1 > ? W ႛ ! ႛ % !$႓ ??2 ႛ  L >! ! 2,  ?W  3  ,)!>2 >႓ (႒ : ?,*  ႓ @2!$L> !, ), Z2႓ ,  " !$  % 3 @L ,3 “X?,,  ?W  3!ႛ ?႓$  0[ 2 ,)!"႓ ,  >\ % ႛ  ႓ @2!$L> %  ႛ  0[ 2 @Z2႓$ ,  >W ႛ ;+!:ႛ X , ,1 ;,  ?W ႓ , ,2+   ?W , ,! ႛ  > 26?W + ! @”

! ,( , ? W ႛ  2+ !,!ႛ " L!$: , 2 "   , ႛ !$, ,, ) 2 ႛ ႛ, ,2 2 ႛ +  L !2  , " , !$ -  ?,* , 1$ @ W ႛ  * ,   )$ ? ) 1: %1 , , > ;%2 1 ႛ L X?,( ,႓ W ႛ !ႛ  ,2>> ႓  @ &'[ 2> !$ ,႒,@ 2  ,? 2 %,2 ႛ  L 2,!$!$ LB>2 !, ,!$ 2@? W ႛ    %!$,> @: > 2. '  2!$@  ?, ' )! 2႖ 2 ႛ  L

ဗမာစကား မတတ်သည့် ကျေးလက် သျှမ်းပြည်သားများ ခရီးသွားခက်ခဲ တနင်္ဂနွေနေ့၊ 19 ဧပြီလ 2009 သျှမ်းသံတော်ဆင့် သျှမ်းပြည်မြို့တော်တောင်ကြီး မှ ကွန်ဟိန်း - မိုင်းပြင်း - ကျိုင်းတုံ - တာချီလိတ် ပြေးဆွေဲ နသည့် အမြန် ယာဉ်ငယ် ကားသမားများ ဗမာစကားမတတ်သည့် ကျေးလက် သျှမ်းပြည်သားများကို တင်ဆောင်ရန် ၀န်လေးနေကြကြောင်း ထိုင်းနယ်စပ်သတင်းရပ်ကွက်ကဆိုပါသည်။ သျှမ်းပြည်ဒေသအသီးသီးမှ ကျိုင်းတုံသို့ အသက် ၂၅ နှစ်ပြည့်လျှင် သွားလာရန် လွယ်ကူသော်လည်း ဂိတ်စောင့် အာဏာပိုင်များက ထိုင်းနိုင်ငံသွားမည်ဟု သံသယရှိလျှင် ထောင်ဂဏန်းမှ သောင်း သိန်းအထိ ပိုက်ဆံတောင်း ငွေ ညှစ်ယူကြောင်း၊ ကျိုင်းတုံ မှ တာချီလိတ်သို့ဆက်မည့် ခရီးသည်များ ဗမာစကားနားမလည်/မပြောတတ်လျှင် အာဏာပိုင်များက ပြဿနာရှာတတ်သောကြောင့် ကားသမားများ မတင်ဝံ့ကြောင်း ခရီးသွားတဦးက ဆိုပါသည်။ “ဗမာစကားမတတ်ရင် တာချီလိတ်မြို့ မယန်းဂိတ်မှာ ဖြတ်သန်းလို့မရဘူး။ အဓိက မှတ်ပုံတင်ကိုင်ပြီး ဟိုစစ်ဒီစစ် လုပ်နေတာက လ၀ကဘဲ။ ဟိုမေးဒီမေးလို့ အူကြောင်ကြောင်နဲ့ ပြန်မဖြေတတ်ရင် ထိုင်းကိုသွားမယ့်လူတွေ၊ ရုံး တင်တရားစွဲမယ်၊ ဥပဒေအရ အရေးယူမယ်ဆိုပြီး ကားပေါ်က နေဆွချဲတယ်။ အဓိက ပိုက်ဆံရဖို့ပါဘဲ။ အနည်းဆုံး တယောက် ၅၀၀၀ ကျပ်တော့ပြေးမလွတ်ဘူး” ကျိုင်းတုံရောက်လျှင် ကားဆရာက တယောက်ချင်းစီ ခေါ်ယူမေးမြန်းကြောင်း၊ ဗမာစကားမတတ်လျှင် တာဝန်မယူရဲ ကြောင်း၊ သို့သော် ကားခလဲ ပြန်မပေးဟုဆိုပါသည်။ “မှတ်ပုံတင်ရှိသားနဲ့ ဘာကြောင့်မတင်ရဲတာလဲ” ဟုခရီးသွား တယောက်က ကားဆရာအားမေးသည့်အခါ၊ ကားဆရာက “ဂိတ်စောင့် အာဏာပိုင်တွေ ဟိုမေးဒီမေး မေးရင်သူတို့ မဖြေတတ်ဘူး၊ ကျနော့်စီးပွားရေးပါ ထိခိုက်မှာစိုးလို့ပါ” ဟုဆိုပါသည်။ “သျှမ်းပြည်ထဲမှာ သျှမ်းပြည် တိုင်းရင်းသားတိုင်းကို လွတ်လပ်စွာခရီးသွားလာခွင့်ပေးသင့်တာပေါ့၊တကယ်လို့ သျှမ်း ပြည်ထဲမှာ ဗမာတွေ သျှမ်းစကားမတတ်လို့ သွားလာခွင့်ပိတ်ပင်တယ်ဆိုရင်ဟုတ်သေးတယ်” ဟု အသက် ၄၀ ကျော် ထိုခရီးသွားတဦးကဆို၏။ တာချီလိတ်မြို့တွင်လည်း ခရီးသွားများ အထုတ်အပိုးနှင့် သွားလာတာတွေ့လျှင် ဒေသခံအာဏာပိုင်များက လိုက်လံ စစ်ဆေးမေးမြန်းကြောင်း၊ ထိုင်းဘက်ခြမ်းအာဏာပိုင်များထက် ပိုတင်းကျပ်ကြောင်း၊ အဓိက ပိုက်ဆံတောင်း ငွေညှစ် လိုတာဖြစ်ကြောင်း၊ အသက် ၂၅ နှစ်အောက် အမျိုးသမီးများ ထိုင်းဘက်ခြမ်းကူးခွင့်မြုပဟု ပိတ်ပင်ထားသော်လည်း သံလင်ွမြစ်မကူးခင် တာကော့ဂိတ်၊ ကျိုင်းတုံမြို့ အထွက်ဂိတ်များမှာ ဂိတ်ဖြတ်သန်းခွင့်အတွက် ပိုက်ဆံသောင်းချီပေးခဲ့ ရတာကိုတွေ့ရကြောင်း အဲဒီခရီးသွားကဘဲ ဆက်ပြောပါသည်။ တာချီလိတ်မယန်းဂိတ်မှာ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးရုံးကို ကျပ်ငွေငါးသောင်း တိတိအနည်းဆုံးပေးလျှင် လူတိုင်းရှောရှောရှူရှူ ဂိတ်ဖြတ်သန်းနိုင်ကြောင်း ၎င်းက ဆို၏။ မိုးနဲမြို့ဒေသခံများ ညတိုင်းကင်းစောင့်နေရ - လူထုတို့ငြီးငြူ စနေနေ့၊ 18 ဧပြီလ 2009 သျှမ်းသံတော်ဆင့် ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့တွင်ဒေသခံများ ညတိုင်းကင်းစောင့်နေရကြောင်း၊ ၀မ်းစာအတွက်အခက်အခဲ ဖြစ်ရသည့် ကြား ကင်းစောင့်ခ တည ၂၅၀၀ မှ ၄၀၀၀ အထိ ပေးရသည့်အတွက် လူထုတို့ ငြီးငြူနေကြသည်ဟု သျှမ်းပြည် တောင်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

ပေါ်မိန်းရပ်ကွက်က အိမ်ထောင်သည် အမျိုးသားတဦးက - “အခုကျနော်အသက် ၃၀ ကျော်ပြီ ကျနော်လူမှန်း သိစကတည်း က ကျနော်ရဲ့ အဖေ ကင်းစောင့် သွားနေရတယ်။ အဖေ မအားတဲ့ခါ အဖေ့ကိုယ်စား ကျနော်ကင်းသွားစောင့်ပေးရတယ်။ အဲဒီ တုန်းကဆို ကျနော် ၁၃ နှစ်လောက်ဘရှဲိသေးတယ်၊ အခုချိန် အထိ ကင်းသွားစောင့်နေရတုန်းဘဲ။ ကင်းစောင့်ပြီးရင်လဲ ငါဘယ် နေ့ပြန်ကျမလဲဆိုတာကို ပြန်စဉ်းစားနေရပြီ။ ကျနော့်အတွက်တော့ မထူးခြားတော့ဘူးဗျာ”- ဟုဆို၏။ မိုးနဲဒေသခံများ ကင်းစောင့်လာရသည်မှာ ဗိုလ်ချုပ်နေ၀င်း ခေတ်ကတည်းကဟု ရှေ့မှီနောက်မှီ ဒေသခံတဦး ကလဲ ဆိုပါသည်။ “အရင်တုန်းကတော့ စစ်အာဏာပိုင်တွေက နေ့တယောက် ည နှစ်ယောက် ရွာသားတွေကို ကင်းမစောင့်မနေရ ရွာထိပ် တွေမှာစောင့်ခိုင်းတယ်။ အခုခေတ်မှာတော့အာဏာပိုင်တွေ စောင့်ခိုင်းလား မစောင့်ခိုင်းလားတော့မသိဘူး၊ ရပ်ကွက် ဥက္ကဌ ကတော့မစောင့်မနေရ လမ်းဆုံလမ်းခွတွေမှာ တဲကင်းထိုးပြီးစောင့်ခိုင်းတယ်၊ တကင်း ၅ ယောက်၊ ကျနော်တို့ပေါ်မိန်းရပ် ကွက် မှာဆို ၅ ကင်းတောင်ရှိတယ်”- ဟုဆို၏။ လူစားထိုးဖို့အတွက် တည ၂၅၀၀ ကျပ်၊ အခါကြီးရက်ကြီး လူစားထိုးရှာရခက်ပါက ၄၀၀၀ အထိ ဈေးတက်ကြောင်း၊ မိသား စုစားဝတ်နေရေးအတွက် ရုန်းကန်နေရချိန် ကင်းသွားစောင့်ရသည့်အလုပ်က စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း၊ တဘက် တွင်လည်း ခြံထွက် ပစ္စည်း အရောင်းအ၀ယ် မကောင်းသည့်ပြင် စစ်အစိုးရက မိုးနဲမြေဆီလွှာနှင့်မကိုက်ညီသည့် နွေစပါး အတင်း အကျပ်စိုက်ခိုင်းသဖြင့်၊ မျိုးစပါးဈေးကြီးပေးဝယ်နေရကြောင်း ဒေသခံလယ်သမားတဦးကဆိုသည်။ မိုးနဲမြို့တွင် ပေါ်မိန်းရပ်ကွက်၊ နောင်ကျောက်ဝ်၊ နားဟောင်၊ ဥယျာန်၊ လွယ်ဝေ နှင့် ရပ်ကွက်သစ် နောင်ခမ်း ရပ်ကွက်ဟူ၍ ရပ်ကွက် ၅ ခုရှိသည်။ တရပ်ကွက်လျှင်အိမ်ခြေ ၇၀ - ၈၀ ခန့်အုပ်စုငယ်လေး ၄-၅ ခုပြန်ခွဲထားပြီး ထိုအုပ်စု တစုလျှင်အနည်း ဆုံးကင်းတဲ တခုရှိသည်ဟုဆိုပါသည်။ SSA စစ်ကြောင်းဖြတ်သန်းသည် ဟု အာဏာပိုင်တို့ သတင်းကြားပါက နေ့ရောညပါ ကင်းစောင့်ခိုင်း သည်ဟုလည်းဆိုပါသည်။ မွန်ပြည်သစ်ပါတီဝင်တစ်ဦး မော်လမြိုင်မြို့အနီးလုပ်ကြံခံရ Kaowao/

ဧပြီ ၁၉၊ ၂၀၀၉။

မော်လမြိုင်(ဧပြီ-၁၉)။

။မွန်ပြည်သစ်ပါတီမှ ခရိုင်ကော်မီတီဝင်အဆင့်ရှိ နိုင်မင်းနောင်

ယမန်နေ့ညနေပိုင်း(၄) နာရီခန့်တငွ် မော်လမြိုင-် မုဒုံမော်တော် ကားလမ်းမပေါ် ရိုးဂိုးကျေးရွာအနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည် ကို ရဲစခန်းအကြောင်းကြားချက်အရ သိရကြောင်း မွန်ပြည်သစ်အရာရှိများ ပြောပြခဲ့သည်။ နိုင်မင်းနောင်(ခေါ်) ဒေါက်တာမင်းနောင် BVS အသက်(၄၀) ခန့်သည် ရုံးတာဝန်အရ မော်လမြိုင်မြို့ရှိ ဘဏ်တခုတင်ွငွေထုတ်အပြီး မုဒုံမြို့နယ်၊ ကမာဝက်ရွာနေအိမ်သို့ တစ်ဦးတည်း မော်တော်ဆိုင်ကယ်စီး၍ ပြန်လာစဉ် နောက်ကျောမှ 9-MM ပစ္စတိုဖြင့်တစ်ချက် အပစ်ခံရသည်ဟု ဆိုသည်။ မွန်ပြည်သစ်ပါတီ သတ္တမအကြိမ်

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ရွှေသိန်းပြောပြ ရာတွင် “အဘယ်ကြောင့်

မြောက် ညီလာခံသို့ နိုင်မင်းနောင်

ဒီလိုဖြစ်ရတယ်ဆိုတာ အကြောင်းအရာ ဖြစ်နိုင် ချေတွေအမျိုးမျိုးရှိနေတယ်၊ စုံစမ်းမှုတွေမပြီးသေးတော့

တက်ရောက်ခဲ့စဉ်

အတိအကျပြောလို့မရသေးဘူး၊ ဒါပေမဲ့ ဆန်အရောင်းအဝယ် ကိစ္စတွေမှာ ပဋိပက္ခများရှိခဲ့လို့လား၊ ငွေအများကြီးသယ်လာတာကို ကြိုတင်သိထားတော့ ဒီငွေကိုပဲလိုချင်လို့လား၊ လူတွေ့သွားလို့

ငွေမယူဖြစ်လိုက်တာလား၊ အမျိုးမျိုးပေါ့လေ တွေးစရာတွေ အများကြီးရှိနေတယ်”ဟုဆိုသည်။ မွန်ပြည်သစ်ပါတီအတွက် ဆန်ရိက္ခာဝယ်ယူရန် ဘဏ်မှငွေထုတ်ခဲ့ခြင်းဖြစ်သည်။ သူနှင့်တစ်ပါတည်း ပါလာသည့် မြန်မာငွေကျပ် သိန်း(၁၈၀) ကျော်ကို ပစ်ခတ်သူများ မယူဆောင်သွားခဲ့ပေ။ လောလောဆယ်တငွ် အဆိုပါငွေများကို မွန်ပြည်နယ်ရဲမှ သိမ်းဆီးထားသည်။ ငွေများကို သေနတ်သမားများမယူဆောင်ခဲ့သည်မှာ သူကိုတမင်လုပ်ကြံခြင်းသာ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီဝင် တစ်ချို့က ယူဆနေကြသည်။ မော်တော်ဆိုင်ကယ်စီးလာစဉ် နောက်ဘက်မှ မော်တော်ယဉ် (သို့မဟုတ်) မော်တော် ဆိုင်ကယ်ဖြင့် သေနတ်သမားများ နောက်ယောင်ခံလိုက်လာကာ ပစ်ခတ်ခဲ့သည်ဟု ယူဆနေကြသည်။ သူ၏ရုပ်အလောင်းကို သက်ဆိုင်ရာတို့မှ မော်လမြိုင်မြို့ ပြည်နယ်ဆေးရုံသို့ယူဆောင်သွားပြီး သက်ဆိုင်ရာမှ ဆေးစစ် ချက်များ ပြုလုပ်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့သုဿန်၌ သူ၏ရုပ်အလောင်းကို မီးသဂြိုလ်ခဲ့သည်ဟု သိရသည်။ မွန်ပြည်သစ်ပါတီတငွ် နိုင်မင်းနောင်၏ လက်ရှိတာဝန်မှာ မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးကော်မီတီ (ဗဟို) အတွင်း ရေးမှူးဖြစ်သည်။ မွန်ပြည်သစ်ပါတီ သတ္တမအကြိမ် ညီလာခံကျင်းပပြီးချိန်တငွ် ဤတာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။ ထိုသို့မတိုင်မီတငွ် ဘုရားသုံးဆူဒေသ၌ မြို့နယ်အတွင်းရေးမှူး ဖြစ်ခဲ့သည်။

ယခုအခင်းဖြစ်ပွားရာနေရာသည် မော်လမြိုင်မြို့အဝင် အလွန်နာမည်ကြီးသည့် “ရိုးဂိုး” အဖွဲ့ ပေါင်းစုံ ဆန်းစစ်ဂိတ်ကြီး နှင့် (၃) ဖာလုံခန့်သာဝေးကွာပြီး မော်တော်ယဉ်အသွားအလာများသည့် မော်လမြိုင-် ရေး-ထားဝယ် မော်တော်ကား လမ်းမကြီး၏ တစ်ခုတည်းသော ပင်မလမ်းကြောင်းကြီး ပေါ်တွင် ဖြစ်သည်။ ၁၉၉၅-ခုနှစ် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်ရပ်ပြီးနောက်ပိုင်း မြို့ပေါ်ဒေသများတွင် မွန်ပြည်သစ်ပါတီဝင် အပေါ် ပထမဆုံးအကြိမ် ဖြစ်ပေါ်ခဲ့သောလုပ်ကြံမှုဖြစ်သည်။ မြို့ပေါ်ဒေသများတွင် ထိပ်ပိုင်းမွန်ပြည်သစ်ပါတီဝင် ခေါင်းဆောင်အချို့၏ သီးသန့်လုံခြုံရေးမှလ၍ွဲ အခြားပါတီဝင်များ မည်သည့်လက်နက်မှ ကိုင်ဆောင်ခငွ့်မရှိကြပေ။ သို့သော် အခြားငြိမ်းချမ်းရေးအဖွဲ့ များမှာမူ မော်လမြိုင်မြို့ပေါ်တွင် ပစ္စတိုကဲ့သို့သော လက်နက်ငယ်များ ကိုင်ဆောင် နေသည်ကို ဒေသခံများမြင်တွေ့နေရ၏။

ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ ဆောင်းပါး ဖြူစင်လင်း သောကြာနေ့၊ ဧပြီလ 17 2009 19:39 - မြန်မာစံတော်ချိန်

‘မြန်မာပြည်မြောက်ပိုင်း သစ်တောများအတွက် နောက်ဆုံးခေါ်သံ’ ရန်ကုန် (မဇ္ဈိမ) ။

။ အာရှတိုက်၏ နောက်ဆုံးကျန်ရှိနေသော မုတ်သုန် သစ်တောများထဲမှ တခုဖြစ်သည့် မြန်မာပြည်

မြောက်ပိုင်းသစ်တောများသည် နာတာရှည် ခြိမ်းခြောက်မှုတရပ်ကို ရင်ဆိုင်နေကြရသည်။ သစ်များခုတ်လှဲခြင်းသည် ကချင်ပြည်နယ်သို့ မျက်နှာဖုံးအသစ်တခုတပ်၍ ပြန်လည်ရောက်ရှိလာသည်။ ယခုတော့ သစ်ခုတ်ခြင်းသည် ဤကမ္ဘာပေါ်ရှိ အများဆုံး လက်ကျန်ကျွန်းသစ်များ ပေါက်ရောက်နေရာ အကြီးဆုံး အစိမ်းရောင် သစ်တောတွင်းတွင် တရားမဝင် လုပ်ငန်းတခု မဟုတ်တော့။ ဤတကြိမ် ဤဒေသသို့ သစ်ခုတ်လုပ်ငန်း တကျော့ပြန်လာပုံမှာ ပိုမိုကြီးမားသော ရည်မှန်းချက်ကြီးနှင့် ဖြစ်သည်။ လယ်ယာနှင့် သစ်တောဖွံ့ဖြိုးရေး စီမံကိန်းများ အမည်ဖြင့် ပိုမိုလုံခြုံစွာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း ဆယ်စုနှစ်ပေါင်းများစွာ သစ်တောများ ပြုန်းတီးခဲ့ရခြင်းသည် ဒေသခံလူထု၏ အစဉ်အလာ စိုက်ပျိုးရေးစနစ်ကြောင့်နှင့် နိုင်ငံအတွင်း ဖြစ်ပွားနေသော အာရှတိုက်၏ အရှည်ကြာဆုံး ပြည်တငွ်းစစ်ပွေဲ ကြာင့် ဖြစ်သည်။ ဒေသတွင်း အကြီးအကျယ် အလျင်အမြန် တရားမဝင် သစ်ခုတ်လှဲထုတ်လုပ်ခြင်း လုပ်ငန်းမှာ တရုတ်ပြည်စီးပွားရေး ၁၉၉ဝ စုနှစ်များအတွင်း တဟုန်ထိုး တိုးတက်လာခဲ့ပြီးနောက်ပိုင်း အိမ်နီးချင်း ယူနန်ပြည်နယ်မှ သစ်ကုမ္ပဏီများ ရောက်ရှိလာမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တဖန် ဤလုပ်ငန်း ထူးထူးခြားခြား တဟုန်ထိုး တိုးတက်သွားရခြင်းမှာ သူ့နိုင်ငံအတွင်း ဆိုးဆိုးဝါးဝါး ရေလွှမ်းမိုးမှု ပြဿဿနာများ ကြုံတွေ့ရပြီးနောက်ပိုင်း ၁၉၉၈ ခုနှစ်တင်ွမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂ဝဝဝ စုနှစ်များ အစောပိုင်းတွင် မြန်မာပြည်မြောက်ပိုင်းရှိ သစ်တောများမှာ အလျင်အမြန်ပင် လုံးပါးပါးသွားခဲ့သည်။ ကချင်ပြည်နယ်မှာလည်း နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များ အလေးထား စောင့်ကြည့်ရသည့် ဒေသတခု ဖြစ်လာခဲ့သည်။ သို့သော် သစ်ခုတ်လှဲ ထုတ်လုပ်သူများက သူတို့လုပ်ငန်းကို အန္တရာယ်ကင်းကင်း၊ လျင်လျင်မြန်မြန် ဆက်လက် ထုတ်လုပ်လုပ်ကိုင်သွားနိုင်မည့် နည်းလမ်းသစ်တခုကို နောက်ဆုံးတွင် တွေ့ရှိသွားခဲ့သည်။ အစိုးရက ဇီဝလောင်စာ အစားထိုး အသုံးပြုရေး တနိုင်ငံလုံး လှုံ့ဆော်လုပ်ဆောင်သည့် အနေဖြင့် ကြက်ဆူပင်ကို နိုင်ငံတော်တဝှမ်းလုံးတွင် နိုင်ငံတော်သီးနှံအဖြစ် ၂ဝဝ၆ ခုနှစ်မှ စတင်၍ စိုက်ပျိုးစေခဲ့သည်။ ဤသို့ ကြက်ဆူပင်များ စိုက်ပျိုးစေခြင်းသည် အခြားဒေသမှ လူများအတွက် အလုပ်ရှုပ်ရုံသက်သက်သာ ဖြစ်သော်လည်း၊ ကချင်ပြည်နယ်အတွက်မူ ၂ဝဝဝ စုနှစ်များ အစောပိုင်းက သစ်ခုတ်သူများလက်မှ ကံကောင်း၍ ကျန်ကောင်းကျန်ရာ ကျန်ခဲ့သည့် သစ်တောများကို ကွယ်ပျောက်သွားစေခဲ့သည်။ ကုမ္ပဏီများက သစ်တောများကို ခုတ်ထင်ွရှင်းလင်း၍ ကြက်ဆူပင်များကို အကြီးအကျယ် စိုက်ပျိုးကြသည်။ အကျိုးဆက်အားဖြင့် ခါတိုင်းလိုပင် သစ်နှင့် သစ်တောထွက် ပစ္စည်းများကို တရုတ်

သစ်ကုမ္ပဏီများထံသို့ ယူဆောင်ရောင်းချလိုက်ကြသည်။ အခြားကုမ္ပဏီများကလည်း ဉာဏ်အလင်းရ၍ ဤ ကြက်ဆူပင် စီမံကိန်းများကို ပုံတူကူးချကာ ဒေသအတွင်း သစ်ခုတ်လှဲ ထုတ်လုပ်ခြင်းလုပ်ငန်းကို အကြီးအကျယ် တိုးချဲ့လုပ်ဆောင်ခဲ့ကြသည်။ ပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် ဤမြင့်မြတ်သော ကြိုးပန်းဆောင်ရွက်ချက်များကို သူတို့ တာဝန်သိသိဖြင့် လုပ်ကြပါမည်ဟု ပြောဆိုကြသည်။ ၂ဝဝ၈ ခုနှစ် မေလ က ထုတ်ပြန်ခဲ့သော သစ်တောစည်းမျဉ်းအရ စိုက်ပျိုးရေးနှင့် သစ်တောစီမံကိန်းများကို လုပ်ဆောင်လိုသည့် ကုမ္ပဏီများသည် သစ်တောများကို သစ်တောဝန်ကြီးဌာနထံမှ နှစ် ၃ဝ စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်နိုင်သည်။ ကုမ္ပဏီများသည် ယူနန်ပြည်နယ်ရှိ ဘဏ်များမှ ငွေများ ချေးငှားလုပ်ကိုင်ကြသည်။ အိမ်နီးချင်း မိတ်ဆွေများ၏ အလွန်ကြီးကျယ်သော လယ်ယာစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အကူအညီပေးရန် ယူနန်ပြည်နယ်ရှိ ဘဏ်များနှင့် သစ်ကုမ္ပဏီများက အလွန်ပင် စိတ်အားထက်သန်ကြသည်။ ဤသို့ဖြင့် နောက်ထပ် ထွန်စက်များ၊ ဘူဒိုဇာ ကျွရဲိုင်းစက်ကြီးများ၊ ကားများနှင့် အခြား စက်ယန္တရားများ ဒေသတွင်းသို့ ရည်မှန်းချက်ကြီးစွာ ဝင်ရောက်လာတော့သည်။ ကချင်ပြည်နယ်နှင့် ယူနန်ပြည်နယ်အကြား လမ်းများကိုလည်း အသစ်တဖန် ပြန်လည်ဖောက်လုပ်ခဲ့ရာ ရန်ကုန-် မန္တလေး အဝေးပြေး လမ်းမကြီးထက်ပင် ပိုကောင်းနေသေးသည်ဟု ဆိုသည်။ ဒေသခံ ကချင်အမျိုးသားတဦးကမူ “လမ်းတွေ ပိုကောင်းလေ ကျနော်တို့သစ်တောတွေ ကုန်လေပဲ” ဟု မှတ်ချက်ချသည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ကချင်ပြည်နယ်အတွင်းရှိ သစ်တောများကို ကုမ္ပဏီများက ခွေဲ ဝယူလိုက်ကြသည်။ ဤကုမ္ပဏီများက မြန်မာပြည်မြောက်ပိုင်းတွင် စိုက်ပျိုးနေသော အ"ိကသီးနှံ ၄ မျိုး ရှိသည်။ ယင်းတို့မှာ ကြံ၊ ရာဘာ၊ ပီလောပီနံနှင့် ကြက်ဆူပင်တို့ ဖြစ်ကြသည်။ ကုမ္ပဏီတခုစီသည် ဒေသတွင်းတွင် ပျှမ်းမျှ သစ်တောဧရိယာ ဧက ၂ သိန်းခန့် ရယူလုပ်ကိုင်နေကြသည်။ ဤနိုင်ငံတော် သီးနှံများကို စိုက်ပျိုးနိုင်ရန် သစ်တောများကို အပြောင်ရှင်း ခုတ်လှဲကြဦးမည်ဆိုသည်မှာ ပြောစရာပင် မလိုပါ။ သို့သော် ယခုတကြိမ် ဒေသတွင်းကျန်ရှိသော သစ်များကို ခုတ်လှဲခြင်းမှာ ပိုမိုကြီးကျယ်၍ ပိုမို အန္တရာယ်ကြီးမားသည်။ မြန်မာပြည်မြောက်ပိုင်းတွင် သစ်တောများ ပြုန်းတီးရခြင်း၏ အ"ိက အကြောင်းရင်းမှာ စိုက်ပျိုးရေးစီမံကိန်းများ တိုးချဲ့လုပ်ကိုင်လာခြင်းကြောင့် ဖြစ်သည်ဟု သစ်တောအရာရှိတဦးက ပြောသည်။ သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းထက် ရှိနေသော သစ်တောများကို ထိန်းသိမ်းထားခြင်းသာ ဖြစ်သည်ဟု သူက နိဂုံးချုပ် ပြောကြားသည်။ အကြောင်းမှာ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း၏ အနာဂတ်တငွ် အောင်မြင်နိုင်မှုမှာ မသေချာဟု သူက ဆက်လက်ပြောကြားသည်။ ကချင်ပြည်နယ်ရှိ သစ်ပင် ပြန်လည်စိုက်ပျိုးရေး အခြေအနေ မည်သို့ ရှိပါသလဲ။ ဒေသအတွင်း ပြန်လည်စိမ်းလန်းစိုပြေစေရေးအတွက် သစ်တောအရာရှိများက ကျွန်းသစ်နှင့် အခြားသစ်ပင်များ ပြန်လည်စိုက်ပျိုးနေသည့် စီမံကိန်းအချို့ ရှိသည်။ သို့သော် ဤစီမံကိန်းများ၏ အတိုင်းအတာနှင့် အချိန်ကာလမှာ သစ်ခုတ်လှဲထုတ်လုပ်သည့် စီမံကိန်းများနှင့် မယှဉ်သာပါ။ ဤမြန်မာပြည်မြောက်ပိုင်းရှိ သစ်တောများကို ပထမဆုံးအကြိမ် ဗြိတိသျှအစိုးရက ၁၈၉၅ ခုနှစ်တငွ် အမြဲတမ်းကြိုးဝိုင်း ဧရိယာ (Permanent Forests Estates – PFE) အဖြစ် သတ်မှတ် မှတ်ပုံတင်ခဲ့သည်။ သို့သော် လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာအစိုးရက ဤသို့ PFE အဖြစ်သတ်မှတ် မှတ်ပုံတင်ခြင်းကို ၂ဝဝ၅ ခုနှစ်ကျမှသာ ပထမဆုံး အကြိမ် ပြုလုပ်ခဲ့သည်။ သစ်ပင်များခုတ်လှဲခြင်း၏ အမြန်နှုန်းမှာ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း၏ အမြန်နှုန်းထက် အဆမတန် ကွာခြားမြန်ဆန်သည်။ မြန်မာ့သစ်လုံးများ တင်ထားသော ထရပ်ကားများ ယခုတိုင် တရုတ်နယ်စပ်သို့ ဖြတ်ကျော်သွားနေဆဲဖြစ်သည်။ ဒေသတွင်းတွင် သစ်ပင်များ လုံးပါး ပါးလာနေပြီ။ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုမှာ အဆမတန် တိုးပွားလာနေသည်။

ဤအန္တရာယ်ခေါ်သံသည် မြန်မာပြည်လူထုအတွက်သာမဟုတ်၊ အာရှတိုက်ရှိ လူသားအားလုံးအတွက်လည်း ဖြစ်သည်။ ကျူးဘားနဲ့ စာမျက်နှာသစ်ဖငွ့်နိုင်ရေး အမေရိကန်ကြိုးပမ်း 18 April 2009 ကျူးဘားအစိုးရနဲ့ လူ့အခွင့်အရေး၊ အခြေချနေထိုင်မှု၊ စီးပွားရေး စတဲ့ ကျယ်ဝန်းတဲ့ ကိစ္စများနဲ့ပတ်သက်ပြီး နိဒါန်းသစ်တရပ် အမေရိကန်က ရှာဖွေနေတယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) က ပြောပါတယ်။ Trinidad and Tobago က အမေရိကန်တိုက်များ ထိပ်သီးစည်းဝေးပွအဲ ဖွင့်အတွက် ပြင်ဆင်ရင်း အမေရိကန်သမ္မတ က သောကြာနေ့မှာ အဲဒီလို ပြောကြားတာပါ။ အပြောသက်သက်နဲ့ အဲဒီလိုပြောနေကြတာတွေကိုတော့ စိတ်မ၀င်စားဘူး။ အမေရိကန်-ကျူးဘား ဆက်ဆံရေး ဦးတည်ချက် အသစ်ဘက်ဆီ ရွေ့လျားသွားတာကိုပဲ လိုလားတယ်လို့ သမ္မတ အိုဘားမား က ပြောကြားပါတယ်။ ကျူးဘားအပေါ် ထားရှိတဲ့ ၅၇ နှစ်ကြာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး တောင်အမေရိကား ခေါင်းဆောင်တချို့က လိုလားကြပြီး အဲဒီပိတ်ဆို့မှုကို ကန့်ကွက်တဲ့အနေနဲ့ ထိပ်သီးစည်းဝေးပွဲ အပြီးသတ် ကြေညာချက်ကို သူနဲ့ သူ့မဟာမိတ်များက ကန့်ကွက်မဲ ပေးကြမယ်လို့ ဗင်နီဇွဲလား (VeneZuela) သမ္မတ ဟူဂိုချာဗဇ် (Hugo Chavez) က ပြောပါတယ်။ ကျူးဘားအပေါ်ထားရှိတဲ့ အမေရိကန် ၀ါဒသဘောထား မအောင်မြင်လို့ သမ္မတ အိုဘားမား အစိုးရက ပြန်လည် စမ်းစစ်နေပြီ လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန် က ပြောဆိုပါတယ်။ ကျူးဘားကိုဒဏ်ခတ်မှု ရုပ်သိမ်းရန် အမေရိကနိုင်ငံများ တောင်းဆို 19 April 2009 အမေရိကနိုင်ငံများအဖွဲ့ (OAS – Organization of America States) ရဲ့ (၅)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ တက်ရောက်နေတဲ့ တောင်အမေရိကတိုက် နိုင်ငံတချို့က ခေါင်းဆောင်တွေက ကျူးဘားနိုင်ငံကို နှစ်ရှည်လများ စီးပွားရေး အရ ပိတ်ဆို့အရေးယူထားတဲ့ အမေရိကန်နိုင်ငံရဲ့မူကို ရုပ်သိမ်းပေးဖို့ သမ္မတအိုးဘားမားကို တိုက်တွန်းခဲ့ကြပါတယ်။ သမ္မတ အိုဘားမားက အူးနားစော (UNASUR - Union of South American Nations) လို့ အတိုကောက်ခေါ်တဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်တဲ့ တောင်အမေရိကတိုက် နိုင်ငံများသမဂ္ဂအဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အခုလိုတိုက်တွန်းခြင်း ခံခဲ့ရတာ ဖြစ်ပါ တယ်။ သမ္မတအိုးဘားမားက အမေရိကန်ရော ကျူးဘားနိုင်ငံပါ အပြောင်းအလဲလုပ်ဖို့ လမ်းကြောင်းတစ်ခုပေါ်မှာ ရှိနေကြတာ ဖြစ်တယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ဖြူတော်ပြောခွင့်ရသူ ရောဘတ် ဂစ် (Robert Gibbs) ကလည်း ကျူးဘားနိုင်ငံ အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် သူတို့ဘာတွေကို လိုလိုလားလား အရေးယူ ဆောင်ရွက်မလဲဆိုတာကို စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကျူးဘားနိုင်ငံဟာ အခုကျင်းပနေတဲ့ OAS ထိပ်သီးအစည်းအဝေးပွဲကို မတက်ရောက်ရဘူးလို့ ပိတ်ပင်ခြင်းခံထားရတာလည်း ဖြစ်ပါတယ်။ ဆိုမာလီယာပင်လယ်ဓားပြ နောက်ထပ်သင်္ဘောနှစ်စီး ပြန်ပေးဆွဲ 19 April 2009 မနေ့က ဆိုမာလီယာ ပင်လယ်ဓားပြတွေဟာ အာဖရိကတိုက် အရှေ့မြောက်စွန် ကမ်းလွန်တနေရာမှာ နောက်ထပ် သင်္ဘော နှစ်စီးကို ပြန်ပေးဆွဲလိုက်ပြန်ပါပြီ။ နေတိုးအဖွဲ့ကြီးရဲ့ တပ်မှူးတစ်ဦးရဲ့ အဆိုအရ ပင်လယ်ဓားပြတွေဟာ စစ္စလီကျွန်းဘက်ကို ဦးတည်နေတဲ့ ဘယ်လ်ဂျီယံ (Belgian) သင်္ဘောတစ်စီးကို ပြန်ပေးဆွခဲ့တာဖြစ်ပါတယ်။ အဲဒီသင်္ဘောမှာ စီးနင်းလိုက်ပါလာတဲ့ အမှုထမ်း ၁၀ ဦးထဲက ၂ ဦးဟာ ဘယ်လ်ဂျီယံ နိုင်ငံသားတွေဖြစ်ပြီး ၄ ဦးက ခရိုအေးရှ (Croatia) နိုင်ငံသား၊ နောက် ၃ ဦးက ဖိလစ်ပိုင်နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ နောက်တခါ အေဒင်ပင်လယ်ကွေ့တစ်နေရာမှာလည်း မာရှယ်လ် (Marshall) ကျွန်းစုနိုင်ငံအလံ လွှင့်ထူထားတဲ့ သင်္ဘောတစီး အတိုက်အခိုက်ခံခဲ့ရတယ် ဆိုတဲ့ အချက်ပေး Signal ကို ဖမ်းယူသိရှိခဲ့ရတယ်လို့ နေတိုးအဖွဲ့ ရဲ့ တပ်မှူးတစ်ဦးက ပြောခဲ့ပါ တယ်။ ဒီအချက်ပေး Signal ကိုရလို့ တုံ့ပြန်ခဲ့တဲ့ ဒတ်ခ်ျတပ်ဖွဲ့တွေက အဲဒီပင်လယ်ဓားပြတွေနဲ့ ထိပ်တိုက်တွေ့ပြီး နောက်ထပ် သင်္ဘောတစ်စီးမှာ ပြန်ပေးဆွခဲံထားရတဲ့ ယေမန် (Yemen) နိုင်ငံသား အယောက်၂၀ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီ သင်္ဘော မှာ အခြေပြုပြီး ပင်လယ်ဓားပြတွေက လှုပ်ရှားနေတာ ဖြစ်ပါတယ်။ အမေရိကန်သတင်းထောက် သူလျှိုမှုနဲ့ အီရန်က ထောင်ချ

18 April 2009 အီရန်နိုင်ငံမှာ အဖမ်းခံနေရတဲ့ အီရန်နွယ်ဖွား အမေရိကန်သူ အမျိုးသမီး စာနယ်ဇင်းသမား ရိုဆာနာ စာဘီရီ (Roxana Saberi) ကို အမေရိကန်နိုင်ငံအတွက် သူလျှိုလုပ်မှုနဲ့ အီရန်တရားရုံးက စနေနေ့က ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်တယ်လို့ သူမရဲ့ ရှေ့နေက ပြောပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ အမေရိကန်-အီရန် နှစ်နိုင်ငံသား ခံယူထားတဲ့ အသက် ၃၁ နှစ်ရှိသူ မစ္စ စာဘီရီ ရဲ့ ရှေ့နေက ပြောဆိုပါတယ်။ အီရန်နိုင်ငံမှာ ဇန်န၀ါရီလကတည်းက သတင်းလုပ်ငန်းလာရောက် လုပ်ကိုင်နေတဲ့ မစ္စ စာဘီရီ ဟာ တည်ဆဲစာနယ်ဇင်း ဥပဒေတွေကို ဖောက်ဖျက်ပြီး သတင်းလုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ စွဆဲိုချက်နဲ့ အီရန်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမဟာ စာနယ်ဇင်းသမား မျက်နှာဖုံးစွပ်ပြီး ကန့်သတ်ထားတဲ့ အီရန်ရဲ့ သတင်း အချက်အလက်တွေကို အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းတွေကိုပေးပို့နေတယ်လို့လည်း ပြီးခဲ့တဲ့ မတ်လက အီရန် အာဏာပိုင်တွေက ကြေညာခဲ့ပြီးတော့ ဒီစွပ်စချွဲက်ဟာ အခြေအမြစ်မရှိဘူးလို့ အမေရိကန်ပြည်ထောင်စုက ရှုတ်ချခဲ့ပါ တယ်။ နောက်ထပ် အမေရိကန် သတင်းသမားတွေရဲ့ သတင်းတပုဒ်မှာတော့ မတ်လ ၁၇ ရက်က တရုတ် မြောက်ကိုရီးယား နယ်စပ်မှာ အဖမ်းခံခဲ့ရတဲ့ အမေရိကန် ရုပ်မြင်သံကြား အမျိုးသမီးသတင်းထောက်နှစ်ဦး ပြန်လည် လွတ်မြောက်ရေး အတွက် သံတမန်ရေး ကြိုးပမ်းချက်အဖြစ် ဆွစ်ဇာလန်နိုင်ငံက အရာရှိတဦးက ကြားဝင် ဆောင်ရွက်ပေးနေပါတယ်။ အမျိုးသမီး သတင်းထောက် ၂ ယောက်ဖြစ်တဲ့ လော်ရာလင်း နဲ့ ယူနာလီး တို့ကို အဲဒီ ဆွစ်ဇာလန် သံတမန်က သွားရောက် တွေ့ဆုံခဲ့တယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကတော့ မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချနေပြီး သတင်းထောက်နှစ်ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Related Documents

19042009 News
April 2020 19
Magacin001 19042009
April 2020 22
News
November 2019 45
News
April 2020 33
News
November 2019 45